သား သမီးထွန်းကားဖို့
27-Jul-2017
ဇနီးမောင်နှံ ၂ ဦးဟာ အကာအကွယ်မဲ့ အတူနေဆက်ဆံပါလျက် တစ်နှစ်ကြာသည်အထိ သားသမီးမရနိုင်ဘူးဆိုရင် infertility လို့ ခေါ်ပါသည်။ သားသမီးရဖို့ အခြေခံကျကျကြည့်လျှင် သန္ဓေတည်တယ်ဆိုတာ မမျိုးဥ ovary နှင့် သုက်ပိုး sperm ထိတွေ့ပေါင်းစပ်ပြီး မျိုးအောင်ရမယ်။ အဲ့ဒီ အောင်ပြီးသွားတဲ့ မျိုးဥဟာ အမျိုးသမီးရဲ့ သားအိမ်နံရံမှာ ကောင်းစွာတွယ်ကပ်ပြီး ကြီးထွားဖွံ့ဖြိုးလာရမယ်။ ရက်ပေါင်း ၁၇၀ လောက် မိခင်ဝမ်းဗိုက်အတွင်းမှ သန္ဓေသားအဖြစ်ရပ်တည်ပြီး မွေးဖွားလာမှသာ သား သမီးဆိုတာ ရနိုင်မှာပါ။ အဲ့ဒီ့ဖြစ်စဉ်မှာ တစ်နေရာမှာ ချို့ယွင်းနေပြီဆိုရင်တော့ သား သမီးရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။ မမျိုးဥဆိုတာကလည်း မမျိုးဥအိမ် ovary က တစ်လ တစ်ကြိမ်သာကြွေတာပါ။ မမျိုးဥပေါက်ကြွေတာက အမျိုးသမီးတစ်ယောက် မီးယပ်သွေးစတင် ပေါ်တဲ့နေ့ကစပြီး ရေတွက်ရင် ၁၄ ရက် မြောက်နေ့ ဖြစ်ပါတယ်။
အဲ့ဒီ့ရင့်မှည့်နေတဲ့ မမျိုးဥက သုက်ပိုးနဲ့ အောင်မြင်စွာထိတွေ့ပေါင်းစပ်နိုင်မှ သန္ဓေအောင်မှာ ဖြစ်ပါတယ်။ သုက်ပိုးကတော့ ကျန်းမာတဲ့ အမျိုးသားတစ်ယောက် ထုတ်လွှတ်တဲ့ သုက်ရည်မှာ တစ်မီလီမီတာမှာ သန်း ၁၀၀ လောက်ပါတယ်။ အမျိုးသားတစ်ဦးက တစ်ကြိမ် ဆန္ဒပြိးမြောက်လို့ သုက်ရည်ထုတ်လွှတ်ရာမှာ ၃ မီလီလီတာလောက်တော့ရှိတော့ သန်း ၃၀၀ လောက်ပါတယ်။ အဲ့ဒီ့ သန်း ၃၀၀ ထဲက သုက်စွမ်းကောင်း တစ်ကောင်ပဲ လိုပါတယ်။ အဲ့ဒီ့ သုက်ပိုးတစ်ကောင်က အောင်မြင်စွာ မမျိုးဥနဲ့ ပေါင်းစပ်နိုင်ပြီဆိုရင် သန္ဓေအောင်သွားပါပြီ။ အဲ့ဒီသုက်ပိုးမှာ ချို့ယွင်းချက်ရှိရင် သားသမီးမရနိုင်တော့ပါဘူး။ သုက်ပိုးချို့ယွင်းချက်ကြောင့် သားသမီးမရတာ၂၅%လောက်ရှိတယ်။ သုက်ပိုးအရေအတွက်နည်းတာ ၊ မူမမှန်တဲ့ (ပုံသဏ္ဍာန်မမှန်တဲ့) သုက်ပိုးတွေများနေတာ ၊ သုက်ပိုးတွေ တက်တက်ကြွကြွ ရွေ့လျားနိုင်ခြင်းမရှိတာစတဲ့ ချို့ယွင်းချက်တွေရှိရင် သားသမီး မရနိုင်တော့ပါဘူး။
မမျိုးဥအိမ်ကလည်း မမျိုးဥ မပေါက်နိုင်တာကလည်း သားသမီးမရတဲ့ အဓိက အကြောင်းအရင်းတစ်ခုပါပဲ။ ထို့ကြောင့် သားသမီးမရတာ ၂၀% လောက်ရှိတယ်။ ထို့အပြင် မမျိုးဥဟာ သုက်ပိုးနဲ့ ပေါင်းစပ်ဖို့ မမျိုးဥရော သုက်ပိုးပါ သားဥပြွန်ထဲ ရောက်လာကြဖို့ လိုပါတယ်။ အချို့အမျိုးသမီးတွေမှာ သားအိမ်ပြွန် Uterine tube or Fallopian tube ပိတ်ဆို့ နေရင်လည်း သန္ဓေတည်ပေါင်းစပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။အချို့အမျိုးသမီးတွေမှာ သားအိမ်ချို့ယွင်းချက်ကြောင့် သားသမီး မရနိုင်တာမျိုးရှိပါတယ်။ ၅%မျှ ရှိပါတယ်။ ဆက်ဆံမှု ချို့ယွင်းချက်ကြောင့် သန္ဓေမတည်နိုင်တာမျိုးလည်း ရှိပါတယ်။
ပထမဦးဆုံး အမျိုးသားနှင့် အမျိုးသမီး ၂ ဦးစလုံးရဲ့ ကျန်းမာရေး ရာဇဝင်မှတ်တမ်းရယူဖို့ လိုပါတယ်။ ကျန်းမာရေး အထွေထွေ စစ်ဆေးရပါမယ်။ပြီးမှ လိုအပ်တဲ့ ဓာတ်ခွဲစစ်ဆေးခြင်း ၊ သွေးစစ်ခြင်း ၊ ဆီးစစ်ခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း ၊ အာထရာဆောင်းရိုက်ခြင်း ၊ မှန်ပြောင်းနှင့် ကြည့်စစ်ဆေးခြင်းများကို လိုရင်လိုသလို စစ်ဆေးရမှာ ဖြစ်ပါတယ်။ ချို့ယွင်းချက်ကို ရှာပြီးဖယ်နိုင်ရင်တော့ သားသမီး ရလာမှာပါ။ ယခုနောက်ပိုင်းတော့ ပြင်ပမှ သန္ဓေအောင်စေပြီး သားသမီးရစေတာ။ IVF (Invitro Fertiliztion) တို့ ပြင်ပမှာ မမျိုးဥကြီးထွားစေပြီး သားသမီးရအောင်ပြုလုပ်တာ IVM (Invitro Maturation) တို့ ဆိုတာတွေနဲ့ အောင်မြင်အောင် လုပ်ဆောင်လို့ရပါတယ်။
credit : ဒေါက်တာ အေးကျော် (ဇီဝကမ္မဗေဒ)
By Dr. May Hnin Phyu ( 7887 Healthcare Call Center )
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
